High School ပညာရေးသည် ကျောင်းသူ/ သားများ၏ ပညာရေးခရီးတွင် အရေးကြီးဆုံးသော မှတ်တိုင်တစ်ခု ဖြစ်ပါသည်။ ၂၁ ရာစု၏ လျင်မြန်စွာပြောင်းလဲ တိုးတက်နေသော ကမ္ဘာကြီးတွင် ကျောင်းသူ/ သားများ မတူညီသော စိန်ခေါ်မှုပုံစံအမျိုးမျိုးကို ရင်ဆိုင်နိုင်စေရန် AMI မှ နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီသော အထက်တန်းပညာရေး အစီအစဥ်ဖြင့် ပြုစုပျိုးထောင်ပေးမည် ဖြစ်ပါသည်။
AMI ၏ Vision မှာ ဘာသာစကားစုံပညာရေး စနစ်ကိုအခြေခံ၍ နိုင်ငံတကာနှင့် ပေါင်းကူးသည့် ပညာရေးပလက်ဖောင်း ဖော်ဆောင်ပြီး ကမ္ဘာ့အမြင်နှင့် နိုင်ငံတကာ ယှဥ်ပြိုင်မှုများကို ရင်ဘောင်တန်းနိုင်မည့် အရည်အချင်းရှိသော ကျောင်းသူ/ သား များမွေးထုတ်ပေးရန် ဖြစ်ပါသည်။ ထိုကြောင့် AMI High School ၏ curriculum မှာ Taiwan curriculumနှင့် Cambridge International curriculum တိုဖြင့် ပေါင်းစပ်စီစဥ်ထားပြီး Chinese, History, Geography ဘာသာရပ်များကို Taiwan curriculum ဖြင့်သင်ကြား၍ English, Mathematics, Physics, Chemistry, Biology ဘာသာရပ်များကို Cambridge International curriculum ဖြင့်သင်ကြားပေးမည် ဖြစ်ပါသည်။
Taiwanနှင့် Cambridge၏ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းဖြင့် သင်ယူသောကြောင့် အထက်တန်း အောင်မြင်ပြီးဆုံးပါက ထိုင်ဝမ်တက္ကသိုလ်များသို ပညာသင်ယူခြင်းအခွင့်အလမ်းများရရှိနိုင်သည့် အပြင် IGCSE ဖြေဆို၍ နိုင်ငံတကာရှိ တက္ကသိုလ်များသိုပညာသင်ယူနိုင်ခြင်း အခွင့်အလမ်းများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။
AMI တွင် ကျောင်းသားဗဟိုပြု သင်ကြားရေးကို အဓိကထား အသုံးပြုပြီး ကျောင်းသူ/ သားများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ နှင့်ဉာဏ်ရည် ဖွံ ဖြိုးမှုဆိုင်ရာများကိုလည်း လေ့ကျင့်ပျိုးထောင် ပေးမည် ဖြစ်ပါသည်။
သင်ကြားရမည့် ဘာသာရပ်များ
Chinese, English, Myanmar, History, Geography, Mathematics, Physics, Chemistry, Biology